သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 1, 2013

PostHeaderIcon * အိုဘယ့် မိန်းမ*



 * အိုဘယ့် မိန်းမ* (ဟာသ)
************
ရုပ်အဆင်းလှရင် အချက်အပြုတ် မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနုညံ့ပြန်၊
နုညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင် အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင် အတွေးရှိတာကြတော့
ယောက်ျားဆန်၊ မိန်းမပီပီ နေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာ စုဆောင်းတတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမီ၊ ခေတ်မီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့ မလှပြန်။
(ဟာသ ဟာသ ဟာသ)

အိုဘယ့် ယောက်ျား
*************
အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး။ ပိုက်ဆံရှာတတ်ရင်

အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး။ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင်
တခြားကိစ္စမှာ မဖြစ်ထွန်းဘူး။ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့ လူမျိုးကြတော့
အနုအရွလေးတွေနဲ့ ရိုမက်တစ် မဆန်တတ်ပြန်ဘူး။ အီစီကလီ ကျွမ်းကျင်ပြီး ရိုမက်တစ်
ဆန်တတ်ပြန်တော့ စိတ်ချ အားကိုးလို့ ရဘူး၊
အားကိုးရတဲ့ လူမျိုးကြတော့ ခိုင်းစားလို့ ရရုံက လွဲပြီး ဘိုသီပတ်သီနဲ့
အပေအတေ တယောက်လို နေမယ်။
(ဟာသ ဟာသ ဟာသ)


ဒါကြောင့်...
ပါးနပ်တဲ့ ယောက်ျားနဲ့ ဉာဏ်ရှိတဲ့ မိန်းမတွေ့ရင် ရိုမက်တစ် ဆန်တဲ့ အချစ်မျိုး
ဖြစ်လာနိုင်တယ်။
ပါးနပ်တဲ့ ယောက်ျားနဲ့ အူတူတူ မိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်း အချစ်တွေ
ဖြစ်လာနိုင်တယ်။
ဉာဏ်ရှိတဲ့ မိန်းမနဲ့ တုံးအတဲ့ ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့။
(ဟာသ ဟာသ ဟာသ)

ပြီးတော့...
မိန်းမတွေဟာ အနာဂတ်အတွက် စိတ်ပူကြတာ ယောက်ျားရသွားတဲ့ အထိပဲ။
ယောက်ျားတွေကြတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲ မထည့်ကြ
ဘူး။ အောင်မြင်တဲ့ ယောက်ျား ဆိုတာ သူ့မိန်းမ သုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့
လူကိုခေါ်တာ။ အောင်မြင်တဲ့ မိန်းမကြတော့ အဲသလို ယောက်ျားမျိုး ရှာနိုင်သူကို
ခေါ်တာ တဲ့။

Credit > ဟိုးဟိုး ဟားဟား

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...